၂၁ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၁၄-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၊နှမ်းနက်စမုံ(၅၀၀၀/-)၊ဂွနက်(၅၀၀၀/) နှမ်းဖြူ(၇၀၀၀/-)၊နှမ်းဖြူ-ရေသွင်း(၃၀၀၀/-)၊ နှမ်းညိုကြား (၁၀၀၀/-) ကျပ်စျေးတက်ကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၉၀၀ မှ ၁၃၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၄-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၂၅၀၀/-) ၊ ကုလားပဲ (929) ( ၂၀၀/- ) ၊ ပဲစဉ်းငုံ (သစ်) (၆၀၀/-)၊ ပဲစဉ်းငုံ (အဟောင်း) (၂၀၀၀/-)၊ မတ်ပဲ (၁၀၀၀/-) ကျပ် စျေးတက်ပြီး ပဲတီစိမ်း(၁၅၀၀/-)၊ ပဲနောက် သေး (၁၅၀၀/-)၊ ပဲကြီးဖြူ(၂၀၀၀/-)၊ ပဲကြီးမဲ(၁၅၀၀/-) ပဲထောပတ်(၉၀၀/-) ၊ ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေး များ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၄-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၅၀/-) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) (၅၀/-)စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၄.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၈၀/-)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၄.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၁၄-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းနက်စမုံရှယ်(၃၀၀၀/-)၊ နှမ်းနက်စမုံပုံမှန်(၄၀၀၀/-)၊ပဲစဉ်းငုံ 2020 (၉၀၀/-)၊ ပဲလွန်းပြာသစ် (၇၀၀/-) ကျပ် စျေးတက် ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်းမျိုးစုံ (၄၀၀)အိတ်၊ပဲမျိုးစုံ(၁၈၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၁၄-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းဆီ (၅၀၀/-) ၊စားအုန်းဆီ (၄၀/-) စျေးကျပြီး မြေပဲနီလုံးဆံ(၁၀၀/-)၊ မတ်ပဲ(၂၀၀၀/-)၊ ကုလားပဲ (929) (၅၀၀/-)ကျပ် ၊ ကုလားပဲ ဟော်လန် (၃၀၀/-) ၊ပြောင်းဖူးစေ့(cp) (၁၀၀/-)ကျပ် စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ ၊ပြောင်းဖူးစေ့(cp) (၁၀၀၀) အိတ် အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။